အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

အမ်း နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက်က အောက်ရွာကျေးရွာအုပ်စု အောက်ရွာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးဦးဆောင်၍ မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း