မဟာအောင်မြေ နိုဝင်ဘာ ၂၈
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်မြင့်ဦး၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများတက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးတင်မြင့်ဦးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်းဝင်းအောင်က DSW က လုပ်ငန်းကြီး (၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းပေါ်နေ ကလေးသူငယ်များ လျော့နည်းရေးအစီအစဉ်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ကစ၍ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန် (၄) မြို့နယ်မှ ကလေး (၆၀) ဦးစတင်ခဲ့ပြီး မိဘတွေကိုအသိပညာပေး၊ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ဆပ်ပြာဆီ၊ ဖိနပ်၊ မုန့် လုပ်ငန်းစသည့် အသက်မွေးဝမ်းကြောင်းပညာတွေကို သင်ကြားပေးကြောင်း၊ ကလေး (၆၀) ဦးထဲမှ စက်ချုပ်ပညာ (၃) ဦး ဝပ်ရှော့ (၂) ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ကလေး (၁၃) ဦးရဲ့ မိဘတွေကို တစ်တစ်နိုင်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ (၁) ဦးလျှင် (၁)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကိုဗစ်ကာလမှာ ဆန်၊ ဆီ စသည့် စားသောက်ကုန်များ ထောက်ပံ့ပေးကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ကျောင်းနေအရွယ်ကလေး (၄၀) ဦးအား အ.ထ.က (၃၈) အောင်မြေသာစံမြို့နယ်တွင် ကျောင်းထားပေးကြောင်း၊ ကျောင်းမတက်ချင်သည့် (၁၀) နှစ်အထက်ကလေးများအား ညကျောင်းများထားပေးခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကလေး (၄၀) ဦးအတွက် ၁၀/ ၁၁/ ၁၂/ ၁/ ၂ /၃/ လပိုင်းများအတွင်း ကျောပိုးအိတ်၊ ကျောင်းဝတ်စုံ စာရေးကရိယာများနှင့် ကျောင်းမုန့်ဖိုး ထောက်ပံ့ပေးလျက် ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကျောင်းဖွင့်ရာသီမှစ၍ လစဉ်တစ်ဦးလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် စာရေးကရိယာ၊ ကျောင်းမုန့်ဖိုးများကို ယနေ့အထိ ထောက်ပံ့ပေးလျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းပြောကြားပြီး သိလိုမှုများကို တက်ရောက်လာသော ဌာနဆိုင်ရာ ဝန်ထမ်းများမှ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း