မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်တို့အား ​ရွှေဆိုင်းသင်္ကန်းများ ကပ်လှူပူ​ဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မော်လမြိုင်  နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ ​တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ​ရှေး​ဟောင်းဘုရား (၁၆) ဌာန သမိုင်းဝင် ဆံ​တော်ရှင်များ ကိန်းဝပ်စံပယ်​တော်မူ​​သော ​စေတီ​တော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူ ပူ​ဇော်နိုင်​ရန်အတွက် စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်တို့အား ​ရွှေဆိုင်း သင်္ကန်းများ ကပ်လှူပူ​ဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်​ပေါ်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ ဧည့်ပရိသတ်အ​ပေါင်းတို့မှ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ​မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း ​ရွှေဆိုင်းသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းတို့ ​ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ထို့​နောက် ဆရာ​တော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်တို့တွင် ​ရွှေဆိုင်းများ ကပ်လှူခြင်းဖြင့် ပူ​ဇော်ခဲ့ကြသည်။

ထိုနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့ကမော်လမြိုင်မြို့၊  သမိုင်းဝင် လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်ကြီးကို ဖူး​မြှော်ကြ ည်ညို၍ ​မော်လမြိုင်မြို့၊ မြဆည်းဆာဘိုးဘွားများ ခိုလှုံရာရိပ်သာ၏ ဦးစီးပဓါန နာယက ဆရာ​တော်ဘဒ္ဒန္တနရိန္ဒထံ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သာသနာ​ရေးရာများ ​လျှောက်ထား ခဲ့ပြီး ​စေတီ​တော်မြတ်ကြီး၏ ရင်ပြင်​တော်ပေါ်၌အပတ်စဉ် ဝါတွင်းဝါပမကျန် စတုဒိတာကျွေးမွေးခြင်းကို အား​ပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်