တပ်ကုန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး(Talk  Show ) ဆောင်ရွက်

တပ်ကုန်း နိုဝင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး(Talk Show)အစီအစဉ်ကို ယနေ့နံနက်၁၀နာရီခွဲက အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

အဆိုပါ(Talk Show)တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် တပ်ဖွဲ့ စိတ်မှူး ရဲအုပ်ဟန်ဇော်ထွန်းတို့က လူကုန်ကူးမှုများပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း ၏အကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပြည်သူ များ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးအောင် သတိပြုလိုက်နာရမည့်အချက်ကို ဆွေးနွေးပြော ကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့ဆွေးနွေးကျင်းပခဲ့သည့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) အစီ အစဉ်အပြည့်အစုံကို  တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်