မွန်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာ လူထုအားကစားလအကြို  စုပေါင်းလမ်းလျှောက်လှုပ်ရှားမှု ပါဝင်ဆင်နွှဲ

မော်လမြိုင်   နိုဝင်ဘာ  ၂၇

ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုး သားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် နံနက်စောစောထလမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ်ဆောင်းရာသီတွင် ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒီဇင်ဘာ လူထုအားကစားလအကြို မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်တက် စုပေါင်းလမ်းလျှောက်လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

စု‌ပေါင်းလမ်း‌လျှောက်အားကစား လှုပ် ရှားမှုသည် ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ် နိုင်ရန် နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့်နိုင်ငံတော် အစိုးရ၏  ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ် ချက်များဖြင့်   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ လေ့ကျင့်ရေးကျောင်း (မော်လမြိုင်)မှ ကျောင်းသား ကျောင်းသူများ၊ အားကစားစိတ်ပါဝင်စားသူ အင်အား (၃၀၀)ကျော်ခန့်သည် စုရပ်ဖြစ်သည့် တောင်ဝိုင်း တောင်တက်ကားလမ်း၏ အဝင်မုခ်ဦးထိပ်မှစတင်ပြီး၊တောင်ဝိုင်း တောင်ပေါ်ရှိ ငြိမ်းချမ်းသစ္စာ နိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်ရင်ပြင်တော် အနီးသို့တပျော်တပါး စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး တောင်ဝိုင်းတောင်ပေါ်၌ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)