ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်နှင့်သင်္ချာစွမ်းရည်ဖြေဆို

ပင်လောင်း နိုဝင်ဘာ ၂၇

ရှမ်ပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ မြို့နယ်အဆင့် အင်္ဂလိပ်နှင့်သင်္ချာစွမ်းရည်ရေးဖြေအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခဲ့သည်။

 စွမ်းရည်ဖြေဆိုရာ၌ အင်္ဂလိပ်စွမ်းရည်တွင် Grade-5 မှကျောင်းသား၊ကျောင်းသူ(၂၁)ဦး၊ Grade-6 (၄)ဦး၊ Grade-7 (၁၃)ဦး၊ Grade-8 (၂၈) ဦး၊ Grade-9 (၁၇)ဦး၊ သင်္ချာစွမ်းရည်တွင် Grade-5 မှကျောင်းသား၊ကျောင်းသူ(၁၂)ဦး၊ Grade-6 (၄)ဦး၊ Grade-7 (၁၁)ဦး၊ Grade-8 (၁၆) ဦး၊ Grade-9 (၁၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင်  လူတွေ့ဆက်လက်ဖြေဆို ခဲ့ကြောင်းသိရသည်။

ခွန်အာကာစိုး