ဗဟန်း နိုဝင်ဘာ ၂၆
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၁ နာရီက ကမ္ဘာ့မြေကျန်းမာဖို့ ပလတ်စတစ်ကိုရှောင်ကြဉ်စို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက စာဖတ်ဝိုင်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်ရေးသားသည့် ကမ္ဘာ့မြေကျန်းမာဖို့ ပလတ်စတစ်ကိုရှောင်ကြဉ်စို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပလတ်စတစ်အသုံးပြုသူ များပြားလာရသည့်အကြောင်းအရင်းများ၊ ပလတ်စတစ် ဆိုးကျိုးများအကြောင်းနှင့် သက်ရှိအားလုံးကို အန္တရာယ်ပေးသည့် ပလတ်စတစ်ပစ္စည်းများကို လျော့ချသုံးစွဲရမည်နည်းလမ်းများ စသည့် အကြောင်းအရာများကို စာရေးဆရာမ ပေါက်ပေါက် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
စန္ဒာမိုး