ဘူးသီးတောင် နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများအား သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားလာ စေရေးအတွက် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်ကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားရာတွင် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ အနေဖြင့်ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှာကြားခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပညာရေးနှင့် ပတ်သက်သောလုပ်ငန်းလမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် မိမိတို့မြို့နယ် အတွင်းအောင်ချက်ရာခိုင်နှုန်း ကောင်းမွန်စေရေး၊ မိမိတို့ကျောင်းများ၌ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းစေရေး၊ ဆရာ၊ဆရာမများ၏ စာသင်ကြားမှု အခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေးတိုးတက်ရေးကို အစဉ်မပြတ်လေ့လာကြည့်ရှုရေးစသဖြင့် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမ ှကျောင်းအုပ်ကြီးများအား မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်မှ သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဘာသာရပ်များ ပို့ချရာသင်တန်းကာလမှ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ နံနက်(၈)နာရီမှ ညနေ( ၄:၂၀)နာရီထိ(၂)ရက်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီး (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)