လမ်းမတော် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံ ငွေမှ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် လမ်းမတော်မြို့နယ်တွင် မသန်စွမ်းသူ(၂၄)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၇၂၀၀၀၀) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်