နမ့်စန်တွင် အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

နမ့်စန်(တ)     နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောင်းသားကျောင်းသူများ  အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ဖြေဆို ယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက် နှင့် ပညာရေးဌာနမှတာဝန်ရှိသူများ ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများက ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   Grade(5) မှ Grade (9) အထိ အင်္ဂလိပ်စာဘာသာစွမ်းရည်ပြိုင်ပွဲဝင်  ကျောင်းသားကျောင်းသူ (၆၂)ဦးနှင့် သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ (၆၈)ဦး ၊ စုစုပေါင်း (၁၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဖြေဆိုအောင်မြင်သော ကျောင်းသားကျောင်းသူများထဲမှ အတန်းအလိုက်အမှတ်အများဆုံး ရရှိသူ (၅)ဦးစီကို ယနေ့ညနေပိုင်းတွင် နှုတ်ဖြေနှင့်ကျပန်းစကားပြော ဆက်လက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။    

သူရအောင်(ပြန်/ဆက်)