ဗိုလ်တထောင် နိုဝင်ဘာ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်အတွင်းရှိ စက်ဘီးများ၊ အနှေး ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်မှုကို ဗိုလ်တထောင်မြို့နယ် အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းတွင် သွားလာနေသော စက်ဘီး(၂၀)စီး၊ ဆိုက်ကား(၁၇)စီးတို့တွင် ရောက်ပြန်စတေကာပြားများ အခမဲ့ တပ်ဆင်ပေးခြင်း၊ မောင်းနှင်သူများနှင့် အနှေးယာဉ်အသုံးပြုသူ (၄၀)ဦးတို့အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးမှုများဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဆွေ၊ အမှတ်(၃၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲစုမှူး ဒုရဲမှူးဆန်းညွန့်ဦး၊ မြို့နယ် စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည်မိုး၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မေနှင်း(ဗိုလ်တထောင်)