တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ စားသုံးကုန်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြင်သာမြို့ ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွင်း သတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း သာမဏေများနှင့် ကျောင်းသားများအတွက် ဆွမ်းဆန် တော်၊ ပဲကတ္တီပါ၊ကုလားပဲ၊ ဆီ၊ ကြက်သွန်၊ ဆန်ကြာဇံနှင့် Hand Gel များကို ယမန်နေ့က လှူဒါန်းခဲ့ကြ သည်။

အဆိုပါ လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွင်း သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်းသာမဏေ ကျောင်းသား (၅၀၀)ကျော်တို့အား ဆွမ်းအခက်အခဲ မရှိစေရန်အတွက်  ဆွမ်းဆန်တော် (၂၀)အိတ်၊ ပဲကတ္တီပါ (၂)အိတ်၊ ကုလားပဲ (၁)အိတ်၊ ဆီပိဿာ(၁၀၀)၊ ကြက်သွန်နီ (၂)အိတ်၊ ကြက်သွန်ဖြူ (၁)အိတ်၊ ဆန်ကြာဇံ (၂)အိတ်နှင့် Hand Gel ဘူးကြီး (၁၀) ဘူးအား လှူဒါန်းခဲ့ကြသည်။

ထို့နောက် အမှတ်(၉)ရပ်ကွက်ကျော်သူ လမ်းလူငယ်များနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ ငွေကျပ် (၁၂)သိန်း တန်ဖိုးရှိသော  ဆွမ်းဆန်တော် (၂၀)အိတ်၊ ပဲကတ္တီပါ (၂)အိတ်၊ ကုလားပဲ (၁)အိတ်၊ ဆီပိဿာ (၁၀၀)၊ ကြက်သွန်နီ (၂)အိတ်၊ ကြက်သွန်ဖြူ (၁)အိတ်၊ ဆန်ကြာဇံ (၂)အိတ်နှင့် Hand Gel ဘူးကြီး (၁၀)ဘူး ကို မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၏ ဆရာတော် ကြီးထံသို့ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)