မိုးမိတ်မြို့တွင် မြို့နယ်အဆင့်အင်္ဂလိပ်ဘာသာနှင့်သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုးမိတ်   နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့်  ကျောင်းသား ၊ကျောင်းသူများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စာဖြေဌာန နှစ်ခုခွဲ၍ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲသို့ ဘာသာရပ်တစ်ခုအလိုက် ထူးချွန်သည့် အရည်အသွေးပြည့်မီသူ Grade-5 မှ Grade-9 အထိ ကျောင်းသား၊ကျောင်းသားတစ်ဦးတို့ကို ရွေးချယ်ကာ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်နိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း မြို့နယ်ပညာရေးမှူး ဦးရဲထွဋ်က ကြည့်ရှုအားပေးခဲ့စကားပြောကြားခဲ့သည်။

အင်္ဂလိပ်ဘာသာနှင့်သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲများသို့ Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၂၆ ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)