သာကေတ နိုဝင်ဘာ ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများစားသုံးဆီကို စျေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်သည့်အစီအစဉ်ဖြင့် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ အရောက်စျေးကားဖြင့် ကွင်းဆင်းလှည့်လည်၍ သက်သာသောနှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈:၃၀)အချိန်မှစတင်ကာ သာကေတမြို့နယ် ၅/ ရပ်ကွက်ရှိ ပြည်သူ(၁)ဦးလျှင် စားအုန်းဆီတစ်ပိဿာကို ငွေကျပ်(၄၆၀၀/-)နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရောင်းချပေးလျက်ရှိသည်။
ယင်းသို့စားသုံးဆီများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့်(၂၀၀)ပိဿာအား ရောင်းချပေးလျက်ရှိရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များမှ စျေးနှုန်းသက်သာစွာ ဝယ်ယူနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ စနစ်တကျရောင်းဝယ်ကြစေရေးအတွက် နှာခေါင်းစည်း(mask)များဖြန့်ဝေကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)