ဂွ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမလူထုအခြေပြု ဗဟိုဌာနတွင် ရေသောက်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ခန္ဓာကိုယ်အတွက် ရေဓာတ်သည် မရှိမဖြစ် လိုအပ်ကြောင်း၊ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်စေကြောင်းနှင့် ခေါင်းကိုက်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းစသည့်ရောဂါများ မဖြစ်စေရေးအတွက် ရေကိုသောက်နေကျထက် ပိုသောက်ရမည်ဖြစ်ကြောင်း စသည့်အချက်များကို ဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က သောက်နေကျထက်ပိုပြီး ရေများများသောက်သုံးခြင်းက ရရှိမည့်ကျန်းမာရေး အကျိုးကျေးဇူးများထဲက ခုနှစ်ချက်အား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်