မောင်တော နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့တို့မှ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် ဈေးရောင်းချသူများအနေဖြင့် မီးဘေးလုံခြုံရေး၊ မီးကိုစနစ်တကျ သုံးစွဲကြရေး ၊ မီးဘေးမပေါ့ကြစေရန်နှင့် ဈေးအတွင်းမတော်တဆမီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်း သတ်ဆေးဘူးဖြင့် စနစ်တကျဖြင့်မီးငြိမ်းသတ်မှုများ၊ ဈေးအတွင်းမီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများတွင် (လေပေါင်)ရှိ/မရှိ၊ သဲအိတ်များ၊ ရေပုံး၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူအသုံးပြုနိုင်ရန် အဆင်သင့်ဆောင်ရွက်ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်စေရေး၊ ရေစုကန်များအတွင်း ရေလုံလောက်စွာရှိ/မရှိ၊ အပေါ့စားရေစုပ်အား ကောင်း/မကောင်းစစ်ဆေးပြီး ဈေးအတွင်းလှည့်လည်ကြည့်ရူစစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး