ရွှေပြည်သာ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် လူမှုဖူလုံရေးရုံးခွဲ၌ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင်များ ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီ အချိန်တွင် ရွှေပြည်သာ လူမှုဖူလုံရေးရုံးတွင် ကျင်းပရာ အခမ်းအနားတွင် မြို့နယ်လူမှုဖူလုံရေးရုံးခွဲ တာဝန်ခံ ဦးစီးအရာရှိမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေအား ရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရွှေပြည်သာမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Dream Seed စက်ရုံမှအလုပ်သမား (၁)ဦးအား အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ငွေအလုံးအရင်း ငွေကျပ် ၇၇၆၁၆၀၀/ကျပ်အား မြို့နယ်ရုံးတာဝန်ခံ ဦးစီးအရာရှိမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)