တံတားဦး နိုဝင်ဘာ ၂၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၃)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အကြိုညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုကို ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားရရှိရေးအတွက် Talk Show များ၊ ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့အတွက် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ မိမိတို့အနေဖြင့် စေတနာအပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အသီးသီးဆွေးနွေးကြရာ မြို့နယ်ဒုတိယဦးစီးမှူးမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)