ကျောက်တန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင် ပြပွဲများကျင်းပ

ကျောက်တန်း နိုဝင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မြို့မအလယ်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၁၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ သန့်ဇင်ထွန်းကစာပေ၏ တန်ဖိုးခေါင်းစဥ်ဖြင့် ကျောင်းသား၊ကျောင်းသူများကို အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏ တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟု သုတများရရှိစေမည့်  သုတ၊ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊  အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်စေဖို့၊ စဥ်စားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော်အမြင်မြှင့်မားဖို့၊ အသိပညာဗဟုသုတရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့် အလေ့ အထများကို  လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ခင်းကျင်း ပြသထားရာတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါအခမ်းအနားကိုရန်ကုန်တိုင်းဒေကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ချီးမွန်းအားပေးခဲ့ပီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသားကျောင်းသူလေးများ လားစာပေ၏အကျိုးကျေးဇူးစာပေ၏ တန်ဖိုးရှိပုံများစာပေကို ချစ်မြတ်နိုးပြီး တန်ဖိုးထားကာ လေလ့ာဖတ်ရှုစေရေးပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)