မန္တလေးမြို့တွင် စားသုံးကုန် သစ်သီးဝလံများရောင်းအားကောင်း

မဟာအောင်မြေ နိုဝင်ဘာ ၂၄

မန္တလေးမြို့တွင် သီပေါ၊ ဗန်းမော်၊ရွာငံ၊ တောင်ကြီးမြို့၊တရုတ်နိုင်ငံ၊ယိုးဒယားနိုင်ငံတို့မှ တိုက်ရိုက်ကားများဖြင့် ဝယ်ယူရောင်းချရန်လွယ်ကူသဖြင့် သီပေါမြို့၊ ဗန်းမော်မြို့၊ရွာငံမြို့၊ တောင်ကြီးမြို့တို့မှ အဓိကထွက်ရှိပြီး အခြားသစ်သီးဝလံများလည်းဒေသစုံမှ နေ့ချင်းရောက်တိုက် ရိုက် ဝယ်ယူရောင်းချရန်လွယ်ကူနေမှုကြောင့်  လိမ္မော်သီးများယခင်ကထက် အဝင်များကာ လိမ္မော်သီးဝယ် သူများဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း လိမ္မော်သီးရောင်းသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

"ကျွန်မတို့အ‌နေနဲ့ ရာသီပေါ်သစ်သီးများ ရောင်းရတာ စိတ်ဝင်စားတယ်၊ အခြားကုန်စိမ်း၊ ကုန်ခြောက်‌တွေ‌ရောင်းရတာတော့ စိတ်ဝင်စားမှုနည်းတယ်ပေါ့၊ မိဘတွေလက်ထက်ကတည်းက သစ်သီးဝလံများပဲ‌ ရောင်းလာတာဆို‌တော့ ကျွန်မတို့ညီမ‌တွေအ‌နေနဲ့ အသားကျနေပြီ၊ သစ်သီး ရောင်းရတာကိုယ်လည်း အလွယ်စားရတယ်၊ ဧည့်သည်လာလဲ ဝတ္တရားကျေတယ်၊ ကုသိုလ်လည်းရဝင်းလည်းဝ‌ပေါ့၊ အမြတ်ကတော့ အရမ်းကြီးမမြတ်ပါဘူး၊ ကျွန်မတို့က ဈေးဝယ်ဘက် လည်းပြန်ကြည့်ရတယ်‌လေ၊ သူတို့လည်းဝယ်နိုင်အောင် ရောင်းချပေး‌နေတာပါ၊ သူတို့လည်း အခြားပစ္စည်းတွေဝယ်ရသေးတော့ ကိုယ်ချင်းစားတယ်၊ အရင်လတွေနဲ့ အခုလတွေအမြတ် ကတော့မကွာပါဘူး၊ သီတင်း ကျွတ်လနဲ့ တန်ဆောင်မုန်းလတွေတော့ပိုမြတ်တယ်၊ လူစည်းကားတဲ့လတွေဖြစ်တော့ ပိုမြတ်တာပေါ့၊ အခုဆို တစ်ရက်ကို သစ်သီးစုံရောင်းရငွေဟာ (၂၀၀၀၀) နီးနီး လောက်‌တော့ကျန်ပါတယ်။ အခုဆို လိမ္မော်သီး စိုက်ပျိုး‌နေမှုများ‌ပြားနေတာရော၊ လိမ္မော်သီးများ အဝင်များနေတာရော၊ တရုတ်၊ယိုးဒယားနိုင်ငံ တွေကလည်းအဝင်များလာတာ‌ရော၊ အခြားသစ်သီးဝလံများစိုက်ပျိုးသူများပြားနေခြင်းတို့‌ ကြောင့် လိမ္မော်သီးရောင်းအားဟာ တစ်ရက်ကို (၅၀၀၀)လောက်ပဲ အမြတ်ကျန်တယ်။ ဆောင်ရာသီလည်းရောက်ပြီဆိုတော့ လိ‌မ္မော်များအရမ်း ပေါများနေပြီး ပြည်တွင်းကလည်း ရာသီပေါ်သီနှံစားသောက်ကုန်တွေကလည်း အထွက်များတယ်လေ၊ ကျွန်မတို့က သစ်သီးပေါင်းစုံတင်ရောင်းချတာဆိုတော့ ဈေးဝယ်သူတွေအနေနဲ့ အဆင်‌ပြေပါ တယ်။ သစ်သီးအမျိုးအစားတွေကတော့ နာနတ်သီး၊ ဖရဲသီး၊ လိ‌မ္မော်သီး၊နဂါးမောက်သီး၊ ပျား လိ‌မ္မော်သီး၊ ကမ္ဗလာသီး၊ ပန်းသီး၊ ကြက်မောက်သီးစတဲ့ သစ်သီး‌ပေါင်းစုံရောင်းချပါတယ်။ အခုဆို သစ်သီးတွေက‌ အရမ်းပေါပြီး ဝယ်ယူစားသုံးသူတွေအနေနဲ့အရမ်းကို အဆင်ပြေပါတယ်။ လိ‌မ္မော် သီးအကြီး တစ်လုံး(၅၀၀)၊အသေးတစ်လုံး(၄၀၀)ရောင်းရတယ်။ များများဝယ်ရင် ဈေးလျော့ပါ သေးတယ်၊ အခြားသစ်သီးတွေလည်း ဈေး‌ပေါပေါနဲ့ရောင်း‌ချနေပါတယ်" ဟု သစ်သီး ရောင်းသူ မသင်းသင်းက ပြောပြ၍ သိရသည်။

ကျွန်မတို့အနေဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရာသီစာများဝယ်ယူနိုင်ရန် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

အောင်ဇော်မင်း