စဉ့်ကူး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ထပ်တိုးအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများဖြစ်သော စားကျက်ကြီးကျေးရွာနှင့် ဆည်သည်(တောင်)ကျေးရွာတို့တွင် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စားကျက်ကြီးကျေးရွာရှိ ရတနာဘုန်းမြင့်ဓမ္မာရုံတွင် (၂၂-၁၁-၂၀၂၂)ရက်နေ့ကလည်းကောင်း၊ ဆည်သည်(တောင်)ကျေးရွာရှိ ဝိပဿနာကျောင်းတိုက်ဓမ္မာရုံတွင် (၂၃-၁၁-၂၀၂၂) ရက်နေ့က လည်းကောင်း၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ကျေးရွာစိတ်ဓာတ် (Village-Spirit) အချက်(၅)ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဦးစီးဌာနမှ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မတီဖွဲ့စည်းခြင်းနှင့် သင်တန်းသား/သူ ရွေးချယ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။
တင်ဇာလွင်