မိုးမိတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို လက်ခုပ်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးဘေးလုံခြုံမှုနှင့် မီးသတိပြုမှုရှိစေရေးတို့အတွက် အလေးထားဟောပြောခဲ့ပြီး၊ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်း၊ ဖုံးအုပ်ငြှိမ်းသတ်၍သရုပ်ပြခြင်း၊ အဆင့်မြှင့်ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ အသုံးပြုပုံအား သရုပ်ပြခြင်းနှင့်မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)