မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နည့်လှည့် ဟောပြောပွဲကွင်းဆင်းဆောင်ရွက်       

မိုင်းငေါ့ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က ကွန်ကောက်ကျောင်းသို့သွားရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်းသား/ကျောင်းသူ  လူငယ်၊လူရွယ်‌လေးများအား ကျောင်းစာများအပြင်  ပြင်ပဗဟုသုတများရရှိရေး စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူလေးများအား စိတ်အပန်းဖြေ‌ပျော်ရွှင်စေရန် “ပညာရှိစကားနားမထောင်သူ” ရုပ်ပြပုံ ပြင်စာအုပ်ဖြင့် ပုံပြောခြင်း ကိုလည်းပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)