နောင်မွန်း၌ အခြေခံပညာကျောင်းများအား မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြော

နောင်မွန်း    နိုဝင်ဘာ    ၂၄

ကချင်ပြည်နယ်၊ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများစာ‌ ပေဗဟုသုတတိုးပွားလာပြီး မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်စေရန်နှင့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနားလည်လာစေရန်ရည်ရွယ်ပြီး မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ရပ်ဘော့ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆွေး နွေးဟောပြောခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်တရားသူကြီးက မူးယစ်ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးများ အန္တရာယ်ဆိုင်ရာအ‌ကြောင်းအရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဒု-ရဲအုပ်တင်ထွန်း အောင်က လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်း‌ရေးဆိုင်ရာ အကြောင်းအရာများ၊ ဒု-လဝကမှူးဦးရဲမင်းထက်က လူကုန်ကူးမှုဆိုင်ရာနှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားအိမ်ထောင်စုများ၏ အရေးကြီးကြောင်းနှင့် မြို့နယ်တွင်း‌ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး‌ ဒေါ်ထုလွမ်ကပညာရေးနှင့်ကျောင်းစည်းကမ်းဆိုင်ရာများကို လည်း ကောင်း အသီးသီးဟောပြောဆွေးနွေးသည်။

ထိုသို့ဟောပြောဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အဖွဲ့နှစ်ဖွဲ့ခွဲကာ အထက(ခွဲ)-ရပ်ဘော့‌ကျောင်း၊ မူလွန်-ထန်ထုကျောင်းနှင့် မူလွန်-လန်ဆာကျောင်းများသို့ တစ်ပြိုင်နက်တည်းဟောပြောဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)