မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲကျင်းပ

မှော်ဘီ   နိုဝင်ဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မန်နေ့နံနက် နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ ကုလားကုန်း ကျေးရွာ ဇမ္ဗုုအေးဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဒေသ ကိုယ်စားပြု ဦးဝင်းစိုးမှစစ်ကြောင်းကြီး(၅) ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာဝန် ထမ်းများနှင့် မိတ်ဆက်ပေးပြီး အုပ်ချုပ်ရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ ကာကွယ်ရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးပြည့်စုံကျော်က ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊လူမှုရေးစစ်ကြောင်းမှ ဒေါက်တာစောမြ ထွန်းကကျန်းမာရေးအကြောင်းများ ဆွေးနွေးပြောကြားခဲ့ပြီး စစ်ကြောင်း ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာများမှ ဉီးစီးအရာရှိများကလည်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ရပ်မူဝါဒ ၉ ချက်အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းစိုးမှ ဆွေးနွေးကာ တက်ရောက် လာသောအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားအလုပ်သမားများက ဒေသ ဖွံ့ဖြိုးရေးအပါအဝင်သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များမှ မိမိတို့တင်ပြသည့်အချက်အလက်များကို ရှင်းလင်းပြောကြား ခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှနိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)