တန့်ယန်းမြို့နယ်တွင် ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရှမ်းတိုင်းရင်းသား ရိုးရာအကအလှများ ဖျော်ဖြေတင်ဆက်

တန့်ယန်း နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အား မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ကျင်းပနေရာ ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်းနှင့် တိုင်းရင်းသား ရိုးရာအကအလှများ ဖျော်ဖြေတင်ဆက်ပွဲကို နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရိုးရာအကအလှများ ဖျော်ဖြေတင်ဆက်ပွဲတွင် ရှေးဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းရွှေလှနှင့် အလှူရှင်များက နေ့ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှများကို တင်ဆက်ကပြဖျော်ဖြေကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။                                                                       

မင်းလွင်ဦး(ပြန်/ဆက်)