မိုင်းခတ်မြို့၌ သတ္တမအကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်အခမ်းအနားကျင်းပ

မိုင်းခတ် နိုဝင်ဘာ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ သတ္တမအကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ()နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်()ရပ်ကွက်၊ နောင်မို ဘုန်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အမှာစကားပြောကြားကာ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုင်းဆမ်ထိုင်းက ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှမ်းဘာသာဖြင့်လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက်စစ်ဗျူဟာအဖွဲ့ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းက ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့အား အမှတ်တရလက်ဆောင်နှင့် ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဆို၊ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/‌ဆက်)