အင်တော နိုဝင်ဘာ ၂၃
ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရှမ်းသက္ကရာဇ် ၂၁၁၇နှစ်ကို ကြိုဆိုသောအားဖြင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၊ အမှတ်(၁)ရပ်ကွက် ရှမ်းစာပေယဉ်ကျေးမှုကျောင်းကွင်း၌ ယမန်နေ့ ညနေ၅နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းလှိုင်တင့်၊ အင်တောနယ်မြေရဲစခန်းမှူးရဲအုပ်အောင်စိုးဦး၊ အင်တော တိုက်နယ်ဆေးရုံအုပ် ဒေါက်တာဇော်ဇင်ထွန်း၊ စည်ပင်သာယာရေးဌာန ဦးစီးမှူး ဦးစိုင်းအောင်သန်းဦးနှင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်လူက ရှမ်းနှစ်သစ်ကူးဖြစ်ပေါ်လာပုံသမိုင်းနှင့် ရှမ်းရိုးရာ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားတို့ကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ပြောကြား သည်။
ရိုးရာပွဲတော်အတွင်း ရှမ်းရိုးရာယဉ်ကျေးမှုအနေဖြင့် တိုးနယား၊ ကိန္နရီ ကိန္နရာ၊ ဓား၊ လက်၊ တုတ်သိုင်း၊ အကပဒေသာအစီအစဉ်များ၊ အင်တောရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ လူငယ်မောင်မယ်များ၏ ဖျော်ဖြေရေးအစီအစဉ်များများလည်း ၂၃ရက် ညအထိ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်(အင်တော)