မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် ရှမ်းစာပေနှင့်ယဉ် ကျေးမှုခန်းမတွင် ရှမ်း နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

မိုင်းငေါ့ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ သက္ကရာဇ်၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူး‌နေ့အထိမ်းအမှတ်အဖြစ်၊ အမှတ်(၃)တာလုံရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု၌ ယနေ့နံနက် (၉) နာရီ အချိန်ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ဆိုင်ကယ်အ‌နှေးစီးပြိုင်ပွဲ၊ ပီနံအိတ်စွပ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ အားလူးကောက် ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊အပ်ချည်ထိုးပြိုင်ပွဲ၊သံပုံးရိုက်ပြိုင်ပွဲ၊သံလုံးပစ်ပြိုင်များနှင့် အခြားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ ပေးအပ်ခဲ့ကြသည်။

ညပိုင်းတွင်လည်း ရှမ်းရိုရာအကအလှ ပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)