ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

နမ့်ဆန် နိုဝင်ဘာလ  ၂၃ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးခြင်းအစီအစဉ်များ၊ကျန်းမာရေးလှုပ်ရှားမှုများကို Online မှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ (Talk Show)များကို ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်ညွန့်ညွန့်အုန်းက လူငယ်နဲ့ကျန်းမာ ရေးခေါင်းစဉ်မှာ ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေ စားမယ်၊ လတ်ဆတ်တဲ့အသီးအနှံတွေ စားပေးမယ်၊ အသင့်စားအစားအသောက် အချိုရည်မျိုးစုံကို ရှောင်မယ်၊ ကိုယ်ဝါသနာပါရာ ကိုယ်လက်လှုပ်ရှားအားကစားများကို လုပ်ရင် အကျိုးရှိနိုင်တယ်။ ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာဖို့ “ လူကိုစိတ်ကအုပ်ချုပ်တယ်၊ စိတ်ကို ဉာဏ်ပညာကအုပ်ချုပ်တယ်၊ ဉာဏ်ပညာကို ဗဟုသုတကရတယ်၊ ဗဟုသုတကို စာအုပ်စာပေတွေထဲက ရနိုင်တယ်လို့ “ဆရာကြီးပီမိုးနှင်းက ဆိုထားသလို ခန္ဓာအစာအာဟာရဖြည့်တင်းဖို့လိုသလို ဦးနှောက်ဖွံ့ဖြိုးဖို့ စာအုပ်များကို ဖတ်ရှုလေ့လာစေလိုပါတယ်။ စာအုပ်တွေက လူကိုပြုပြင်ပေးနိုင်တယ်၊ လိမ္မာယဉ်ကျေးပြီး အသိပညာအတတ်ပညာများ တိုးပွားစေနိုင်ပါတယ်စသည့် အကြောင်းအရာတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့်ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိပါကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)