မိုင်းဖြတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မိုးယံ၏ လူငယ်နှင့်.. (အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုနည်းဆိုင်ရာများ၊ အလေ့အကျင့်သည် ဘဝဖွံ့ဖြိုးတိုတက်ရေးအတွက် အခြေခံအုတ်မြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမျိုးတင့်က ခေတ်လူငယ်များ အတွေးအခေါ်မြှင့်မားစေရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးအတွက် အကျိုးရှိမည့်စာပေများဖတ်ကြရန် လိုအပ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ မောင်မိုးယံ၏ လူငယ်နှင့်…(အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ရာတွင် စာပေဝါသနာရှင် ဦးရာဇာဝင်းထွန်းက လူငယ်နှင့်လူမှုဆက်ဆံရေး အကြောင်းကိုလည်းကောင်း၊ စာပေချစ်မြတ်သူများအသင်း (BookClub) အတွင်းရေးမှူး၊ ဦးအောင်မြတ်မိုး က လူငယ်နှင့် မိမိကိုယ်ကိုမိမိအားကိုးယုံကြည်စိတ် အကြောင်းကိုလည်းကောင်း၊ ဒေါ်သိမ့်သိမ့်ထွန်းက လူငယ်နှင့်တက်လမ်း အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စာပေဝါသနာရှင် ဒေါ်ဇင်ဇင်ခိုင်က လူငယ်များနှင့်နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ၎င်းတို့၏ ထင်မြင်ချက်များကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူငယ်များနှင့်သပ်လျဉ်း၍ ခင်းကျင်းပြသထားရှိသော နံရံကပ်စာစောင် များ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)