သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် မြို့နယ်အဆင့် ပြိုင်ပွဲ နှုတ်ဖြေဆက်လက်ကျင်းပ

သာစည် နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်မြို့နယ်အဆင့် နှုတ်ဖြေပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲကို ရေးဖြေနှင်နှုတ်ဖြေ နှစ်မျိုးဖြင့်ကျင်းပရာ ယမန်နေ့က  ရေးဖြေကျင်းပခဲ့ပြီး ယနေ့နံနက်တွင် နှုတ်ဖြေဆက်လက်ကျင်းပခြင်းဖြစ်သည်။ နှုတ်ဖြေတွင် Grade 5 မှ Grade 9 အထိ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုခန်း တစ်ခန်းသင်္ချာစွမ်းရည်ဖြေဆိုခန်း တစ်ခန်းဖြင့်စုစု ပေါင်းဖြေဆို ခန်းဆယ်ခန်းဖြင့်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ နှုတ်ဖြေဖြေဆိုရာတွင်သင်္ချာစွမ်းရည် ဖြေဆိုသူများမှာ Grade 5 မှ Grade 9 အထိ မေးခွန်းတိုလေးခုကိုဖြေဆိုချိန်  ခြောက်မိနစ်ရရှိပြီး  အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုရာ၌  Grade 5 တွင်  ကျပမ်းမေးခွန်း သုံးမိနစ်နှင့်  မေးခွန်းတို သုံးမိနစ်၊ Grade 6 နှင့် Grade 7 တွင် ကျပမ်းမေးခွန်း လေးမိနစ်နှင့်မေးခွန်းတိုသုံးမိနစ်၊ Grade 8 နှင့် Grade 9 တွင်ကျပန်းမေးခွန်း ငါးမိနစ်နှင့်မေးခွန်းတို သုံးမိနစ်တို့ ဖြေဆိုရကြောင်းသိရသည်။စွမ်းရည်ပြိုင်ပွဲမှ အတန်းတစ်တန်းလျှင် ဘာသာရပ်အလိုက် ကျောင်းသားတစ်ဦး ကျောင်းသူတစ်ဦးဖြင့် စုစုပေါင်း ကျောင်းသား/သူ ၂၀ ဦးတို့ အောင်မြင်မည်ဖြစ်ပြီး အဆိုပါ ကျောင်းသား/ သူများမှာ  တိုင်းဒေသကြီးအဆင့် စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ဖြေဆိုရမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများကြီးကြပ်မှုဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)