စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centerခန်းမတွင် ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း(အခမဲ့)ဖွင့်လှစ်

စဉ့်ကိုင် နိုဝင်ဘာ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ YouthClubအဖွဲ့ဝင်များနှင့် Women Clubအဖွဲ့ဝင် များပူးပေါင်း၍ ပလတ်စတစ် ပိုက်ဖြင့်ပန်းအလှထိုးနည်းသင်တန်း(အခမဲ့)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်ခင်ဆန်း(သင်တန်းနည်းပြ)မှပလပ်စတစ်ပစ္စည်းများဖြစ်သော ဖျော်ရည် ဗူးခွံများ၊ ခေါက်ဆွဲခြောက်ဗူးခွံများ၊ ပိုက်များဖြင့် ပန်းပွင့်ပုံထိုးနည်း၊  ပန်းအိုးအလှဆင်နည်းများကို စနစ် တကျလက်တွေ့သင်ကြားပြသပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ သင်တန်းတွင် Youth Club   အဖွဲ့ဝင်များ၊ Woman Clubအဖွဲ့ဝင်များနှင့်   ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက်အဖွဲ့ခွဲ၍ ပန်းပွင့်ပုံထိုးနည်း၊ ပန်းအလှဆင်နည်း လက်တွေ့ပန်းအလှထိုးခြင်းများဆောင်ရွက်ခဲ့ကြရာ ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်း သင်တန်းတွင်သင်တန်းသူ (၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)