သာကေတ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၁)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase-17 အဖြစ် (pfizer Vaccine)ထိုးနှံခြင်း လုပ်ငန်းအား ယနေ့နံနက်(၈:၀၀)နာရီမှ မွန်းလွဲ(၂:၀၀)နာရီအထိ (၇)အနောက်ရပ်ကွက်၊ ဇိနမာရ်အောင်ဘုရားဝင်းစုရပ်၌ စက်မှုလက်မှုရပ်ကွက်၊ (၁)အနော်မာရပ်ကွက်၊ ၂/တောင်ရပ်ကွက်၊ ၂/မြောက်ရပ်ကွက်၊ ၃/မာန်ပြေရပ်ကွက်၊ ၃/ရန်ပြေရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊ ၆/အနောက်ရပ်ကွက်၊ ၆/အရှေ့ရပ်ကွက်၊ (၅)ရပ်ကွက်၊ ရှုခင်းသာရပ်ကွက်ကျောင်းပြင်ပသင်ပညာရေးကျောင်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှထိုးနှံခြင်းမရှိသည့် အသက်(၅)နှစ်မှ(၁၁)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၉၉)ဦးတို့အား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(pfizer Vaccine )အား ထိုးနှံဆောင်ရွက်ခဲ့သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့မှပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း ၊ကျောင်းကော် မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်း သား ၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ/မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း(Mask)များဝေးဝေခဲ့သည်။
သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်း(၆)ကျောင်း၊ အထက်တန်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ ဦးတည်အုပ်စုအလိုက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်ဆက်)