ပျော်ဘွယ်မြို့နယ်တွင် ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၂၃

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပြိုင်ပွဲကျင်းပပေးခဲ့မှု အခြေအနေများ၊ ဆုရွေးချယ်ခဲ့သည့် အခြေအနေများ၊ နောင်လာမည့် နေ့ထူးနေ့မြတ် အခမ်းအနားများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ယခုကဲ့သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ အထူးဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် ဆရာ၊ ဆရာမများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)