ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံပွဲကျင်းပ

ဝမ်းတွင်း နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်နေပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းခမ်းကြီးကျေးရွာအုပ်စု၊ အင်းခမ်းကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းမှ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သက်နိုင်မှနိုင်ငံရေးစစ်ကြောင်းများနှင့် ပတ်သက်၍ တပ်မတော်မှ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်ပေးနေမှုအခြေအနေ၊ နယ်မြေလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကိုရှင်းလင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအုပ်ညွှန့်ဝင်းမှ ခိုးဆိုးလုနှိုက် နှင့်နယ်မြေအေးချမ်းရေးဆိုင်ရာ များကိုရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ကျေးလက်နေပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းများ ဖကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေရရှိရေး အစရှိသည်များကိုတင်ပြဆွေးနွေးခဲ့ရာ ဆက်ဆိုင်ရာဌာနများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလူထုတွေ့ဆုံပွဲသို့  ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့် ကျေးလက်နေပြည်သူများ (၁၃၀)ဦးတို့ တက်ရောက်ခဲ့ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ နမှ အသက်(၁၆)နှစ် အထက်ရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် မွေးတိုးစာရင်းများ ပြုလုပ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီး (၆)လအထက် ရှိသူ(၆၀)ဦးအားထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ရဲမျိုးသက်