ဒဂုံအရှေ့ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ပြည်သူများတွင်အဖြစ်များတတ်သော သွေးတိုး၊ ဆီးချိုရောဂါ(အခမဲ့)ကုသပေးလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ကုသပေးကြောင်းသိရသည်။
အဆိုပါသွေးတိုး၊ ဆီးချိုရောဂါအား စမ်းသပ်ကြည့်ရှုစစ်ဆေးဆောင်ရွက်နေမှုအား မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများကကြည့်ရှုပြီး ကုသပေးကာသွေးတိုး၊ ဆီးချိုဆိုင်ရာဆေးများအခမဲ့ပေးခြင်းများဆောင်ရွက်ခဲ့သည်။ မြို့နယ်ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများမှအဖြစ်များတတ်သော သွေးတိုး၊ ဆီးချိုရောဂါများအကြောင်းတို့သိရှိရန် ကျန်းမာရေးအတွက် သတိပြုဆင်ခြင်နိုင်စေရန်အတွက် ကျန်းမာအောင်နေထိုင်နည်းများကို အသိပညာပေးပြောကြား၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မည်သူမဆို(အခမဲ့)ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)