မံစီ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြခံပညာအထက်တန်းကျောင်း(မံစီ)၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို (က)အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့်မှစ၍ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် မြင့်မားလာစေရေးအတွက် အခြေခံပညာကျောင်းများက အလေးထားလေ့ကျင့် သင်ကြားလာကြစေရန်။ (ခ) နိုင်ငံတကာသုံး အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်မှုမှတစ်ဆင့် အခြားဘာသာရပ်များကို လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်။ (ဂ)သင်္ချာ ဘာသာရပ် ကျွမ်းကျင်မှုမှတဆင့် သိပ္ပံဘာသာရပ်များကို ဆက်လက် လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်။ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခြင်းဖြင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာနှင့် သင်္ချာ အရည်အသွေး ထူးချွန်ထက်မြတ် လာမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကဏ္ဍ၏ ပညာရည်အရည်အသွေးများ မြင့်မားတိုးတက် လာရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူးဒေါ်တင်မာဆွေ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြိုင်ပွဲကို ဆောင်ရွက်လျက်ရှိပြီး အင်္ဂလိပ်စာစွမ်းရည်တွင် Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူ (၄၆)ဦး သင်္ချာစွမ်းရည်တွင် Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူ (၅၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူများ (၉၇)ဦး ပါဝင်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအတွင်းမှ Grade-5 မှ Grade-9 အထိ ဘာသာရပ်(၁)ခုအတွက် အတန်း(Grade) (၁)တန်းလျှင် ထူးချွန်ကျောင်းသား(၁)ဦးနှင့် ထူးချွန်ကျောင်းသူ(၁)ဦးကို ရွေးချယ်ကာ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ရန် အတွက် ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)