မိုင်းနောင် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်(၈)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့အတွင်း လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အသက် (၁၀နှစ် အထက်)နှင့် (၁၈ နှစ် အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးစိုင်းသာမိုင်းခမ်းနှင့် ဦးကျော်စိုးလှိုင်တို့က မြို့ပေါ်ရပ်ကွက်တာဝန်ကျ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်သည့်နေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့်.စခန်းမှူး ရဲအုပ်ဇော်ဝင်းတို့က မိဘပြည်သူများ အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်တကယ် ကိုင်ဆောင်ရမည့်သူများ ကျန်ရှိမှုမရှိစေရေး အတွက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)