အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အ.ထ.က(၁) ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယာဥ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများအား သိရှိလိုက်နာစေရန်စသည့် အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး သုခလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန့်ဇင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်‌ရေးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTA)မှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို