ကာမိုင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို၊ ဆေးရောင် ခြယ်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကာမိုင်း နို၀င်ဘာ ၁၇

၂၀၂၂ခုနှစ်၊ နို၀င်ဘာလ(၁၇)နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကာမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ KGတန်းနှင့် Grade-3 တန်းမှ ကလေးငယ်များအား အရောင်ရွေးခြယ်တတ်စေရန်၊ ဉာဏ်ရည်ထက်မြတ်တိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်း၀င်မှုရှိစေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီ ခန့်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော KGတန်းနှင့် Grade-3တန်းမှ ကလေးငယ်(၁၅)ဦးမှ ဆုများရရှိသူများအား မြို့ဦးစီးမှူး တာ၀န်ခံဒေါ်ရွှေဇင်ဦးက ဆုများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကလေးစာအုပ်စာစောင်များကို ကလေးငယ်များအားဆက်လက်ပြသပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)