မိုးကောင်းမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း      နိုဝင်ဘာ        ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၁၇)ရက် နံနက်(၈)နာရီခွဲတွင် အထက(၁)မဉ္ဇူသကခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အထက-နောင်ကိုင်တော်ကျောင်းမှ အထက်တန်းကျောင်းသား/သူများက “ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်မှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် မူလတန်း အထက်ဆင့် ကဗျာရွတ်ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဆုအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အရှေ့ရပ်မူလွန်ကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်တေးသီချင်းဖြင့် ကပြဖြော်ဖြေ၍ အခမ်းအနားပိတ်သိမ်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၁၀၂)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာ စောင်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)