ဖားကန့် နိုဝင်ဘာ ၁၇
၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ (တန်ဆောင်မုန်းလဆုတ် ၁၀)ရက်နေ့တွင် ကျရောက်သော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ဝင်ဘာ ၁၇ ရက် နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောက်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ နိုဝင်ဘာလ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဦးနှင့်ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေ သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်