မိုင်းယောင်း၌ အသွားအလာကန့်သတ်ခြင်းကာလ ၂၁ ရက် ပြည့်ပြီးသူ နှစ်ဦးအား နေအိမ်သို့ပြန်ခွင့်ပြု

မိုင်းယောင်း စက်တင်ဘာ ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမရှိ Quarantine Center ၌ အသွားအလာကန့်သတ်ခြင်းကာလ ၂၁ ရက် ပြည့်ပြီးသူ နှစ်ဦးအား ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က မိမိတို့နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူတို့က မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်များ ပေးအပ်ခဲ့သည်။

အဆိုပါ Facility Quarantine ၂၁ ရက် ပြည့်မြောက်ပြီးဖြစ်သဖြင့် အိမ်ပြန်ခွင့်ရရှိသူ နှစ်ဦးသည် ရန်ကုန်မြို့သို့ ခရီးသွားခဲ့ခြင်းဖြစ်ပြီး မိမိနေအိမ်တွင် Home Quarantine ၇ ရက် ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း