မိုင်းလုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ရသေ့တောင်ပေါ်တွင် တည်ထားကိုးကွယ်သော လွယ်ကော်မိန်းစေတီ တက်သောလမ်းအကျယ်(၁၀)ပေ အရှည်(၅၀၀)ပေခန့်ရှိသောလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးကြောင်း သိရသည်။
လမ်းခင်းရာတွင် မိုင်းလုံမြို့ပေါ်(၆)ရပ်ကွက်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုယ်စီတာဝန်ယူဦးဆောင်ပြီး ဈေးရပ်ကွက်နှင့်အလယ်ရပ်ကွက်ကို (၁)ရက်စီတာဝန်ယူစေရာကျန်ရှိသော အထက်ရပ်ကွက်၊ အောက်ရပ်ကွက်၊ ခန္တီရပ်ကွက်၊ နမ့်ပိန်ရပ်ကွက်တို့ကို တစ်ရပ်ကွက်လျှင်(၂)ရက် တာဝန်ယူဆောင်ရွက်ခဲ့ရာ ပြည်သူများက ကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။
တောင်ပေါ်တက်သည့်လမ်းကို ကွန်ကရစ်ခင်းပြီးသည့်အတွက် မိုးရာသီတွင် ကား၊ ဆိုင်ကယ်များသွားလာနိုင်ပြီး၊ ဘုရားဖူးပြည်သူများအတက်အဆင်းအဆင်ပြေသောကြောင့် လမ်းခင်းရာတွင် ပါဝင်ကူညီလှူဒါန်းခဲ့သူများအားလုံးကို ရသေ့တောင်ဂေါပကအဖွဲ့မှ အထူးကျေးဇူးတင်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)