ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့်ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို အထက(၁)ပြင်ဦးလွင်တွင်လည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အထက (၄) ပြင်ဦးလွင်တွင် လည်းကောင်း ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျင်းပခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပရာသို့ ပြင်ဦးလွင်မြို့နယ် တာဝန်ခံမြို့နယ်ပညာရေးမှူးက ဦးဆောင်၍ ဆရာ/ဆရာမများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းများမှ လာရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်အဆင့် ရေးဖြေသင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၅၉)ဦး၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင်ကျောင်းသား၊ ကျောင်းသူ(၂၃၃)ဦး၊ စုစုပေါင်း(၄၈၃)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်သူများအနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို ဆက်လက် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)