ပြင်ဦးလွင် နိုဝင်ဘာ ၂၂
ပြင်ဦးလွင်ခရိုင်၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြင်ဦးလွင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ခရိုင်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်ဦးကအဖွင့်အမှာ စကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီး ဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဆောင်ရွက်ချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးများကျင်းပခဲ့မှုအခြေအနေ၊ ကလေးသူငယ်ကြီးကြပ်သူ (PO)အစီရင်ခံစာ တင်သွင်းနိုင်မှုအခြေအနေ၊ လူမှုရေးရာဖြစ်စဥ်စီမံခန့်ခွဲသူ(CM) ဆောင်ရွက်ပေး နိုင်ခဲ့မှု၊ အသိ ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များမှလည်း လိုအပ်သည်များကို အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် တင်ပြချက်များအပေါ် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ထားမှုကို ဖတ်ကြားပြီးနောက် အတည်ပြုခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)