မဟာအောင်မြေ နိုဝင်ဘာ ၂၂
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမှုလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားနိုင်စေရန် အင်္ဂလိပ်စာဘာသာစကားပြောကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲကို အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာစွမ်းရည် ဘာသာရပ်ဖြေဆိုသူ Grade-5 (၂၀)ဦး၊ Grade-6 (၂၅)ဦး Grade-7 (၂၅)ဦး၊ Grade-8 (၁၇)ဦး၊ Grade-9 (၂၁)ဦးဖြစ်ပြီး သင်္ချာစွမ်းရည်ဘာသာရပ်ဖြေဆိုသူ Grade-5 (၂၄)ဦး၊ Grade-6 (၂၈)ဦး Grade-7 (၂၆)ဦး၊ Grade-8 (၁၉)ဦး၊ Grade-9 (၂၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၂၈)ဦးမှ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် နှုတ်ဖြေ၊ လူတွေ့ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိုး