ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မိုဘိုင်းဖုန်းဖြင့်သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ကျောက်ဆည်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀)နာရီက မိုဘိုင်းဖုန်းဖြင့်သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်းပညာရပ်များသည် နိုင်ငံ့ဝန်ထမ်းများအတွက် လက်တွေ့ဘဝတွင် အရေးပါသည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူသွားကြစေလိုကြောင်း နှင့်ဒေသအတွင်း မှန်ကန်သည့် သတင်းစီးဆင်းမှုများမှန်ကန်ရေး၊ လုပ်ငန်းကျွမ်းကျင်ပြီး အရည်အသွေးပြည့်ဝသည့် သတင်း ဗွီဒီယိုသတင်းမှတ်တမ်းများ အချိန်မီပေးပို့နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြများဖြစ်သည့် Computre Service Training ပညာရှင်ဦးစိုးကို၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးသက်မောင်တို့က သတင်းဗွီဒီယိုရိုက်ကူနည်း၊ အသံကူးပြောင်းနည်း၊ တည်းဖြတ်နည်းများကို လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြီးကြပ်မှု အောက်ရှိ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား မြို့နယ်များမှ ဝန်ထမ်း(၉)ဦးနှင့် ဗွီဒီယိုရိုက်ကူးတည်း ဖြတ်ပြတ်ခြင်းလုပ်ငန်း စိတ်ပါဝင်စားသူ နည်းပညာအထက်တန်းကျောင်းမှ သင်တန်းသား(၇)ဦး၊ စုစုပေါင်း(၁၆)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၂၁)ရက်မှ (၂၂) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)