ကျောက်ဖြူ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများအား သတင်းဗွီဒီယိုရိုက်ကူးရာတွင် နည်းစနစ်ကျစွာရိုက်ကူးတတ်စေရန်ရည်ရွယ်၍ “သတင်းဗွီဒီ ယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း”ကို ယနေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်သင်ကြားပို့ချသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ချစ်ချစ်သန်းက ဒေသတွင်း သတင်းလုပ်ငန်းများစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ လုပ်ငန်း ကျွမ်းကျင်မှုရှိပြီး အရည်အချင်းရှိသည့် သတင်းဗွီဒီယိုများ၊ မှတ်တမ်းများအချိန်မီပေးပို့နိုင်ရေးနှင့် သတင်းတု၊ သတင်းမှန်များကို ခွဲခြမ်းစိတ်ဖြာနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင်ထွန်းဦးက မိုဘိုင်းဖုန်းဖြင့် သတင်းဓာတ်ပုံ၊ သတင်းဗွီဒီယိုရိုက်ကူးတည်း ဖြတ်နည်းများ၊ အရုပ်ဖိုင်၊ အသံဖိုင်၊ ဗီဒီယိုဖိုင် များအား Software အသုံးပြု၍ ကိုယ်ပိုင်တီထွင်ကြံဆအသုံးပြုနည်းတို့ကို Power Point ဖြင့် စာတွေ့လက်တွေ့ပြသပို့ချပြသပြီး ဦးဖြိုးဝေလင်း၊ ဓာတ်ပုံကျွမ်းကျင်-၂(အင်အားပြ)မှ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပုံအဆင့်ဆင့်ကို ဆက်လက်ပြသရာ ခရိုင်အတွင်းရှိဝန်ထမ်းများမှ စိတ်ပါဝင်စား စွာဖြင့် တက်ရောက်သင်ယူခဲ့ကြသည်။
အဆိုပါ သင်တန်းကို ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးတက်ရောက် သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၁-၁၁-၂၀၂၂ ရက်နေ့မှ ၂၂-၁၁-၂၀၂၂ ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း